MIUIUuSass4 J067Vv
|
| |
| ဖန်တီးသူ | Xiaomi |
|---|---|
| ပရိုဂရမ်းမင်းဘာသာစကား | C, C++, Java |
| အိုအက်စ်အဖွဲ့ဝင် | Unix-like, Modified Android |
| လက်ရှိအခြေအနေ | Current |
| ရင်းမြစ်အမျိုးအစား | Open source (Android Base and Main Framework) with Proprietary components (Miui Apps and Kits) |
| ကနဦးဖြန့်ချီခြင်း | 0.8.16 / ၁၆ ဩဂုတ် ၂၀၁၀ |
| နောက်ဆုံးဖြန့်ချီခြင်း |
MIUI: 10.2.5.0 China 10.2.5.0 Global / ဇန်နဝါရီ ၅၊ ၂၀၁၉ (Global) |
| ဈေးကွက်ပစ်မှတ် |
Alternative firmware replacement for Android devices; Stock firmware for Xiaomi mobile devices |
| ရရှိနိုင်မည့် ဘာသာစကားများ | 32 languages (varies by country) |
| Package manager |
Google Play (Global) MI App Store (China) APK files |
| Platforms | 32-bit ARM, MIPS, x86, x64 |
| ကာနဲလ် အမျိုးအစား | Monolithic, modified Linux kernel |
| လိုင်စင် |
Apache License 2.0 GNU General Public License v3 Proprietary |
| ဝက်ဘ်ဆိုဒ် | en.miui.com |
MIUI ဆိုသည်မှာ MI User Interface ဟုခေါ်သောစကားလုံးအား အတိုကောက်ခေါ်ဆိုခြင်းဖြစ်ပြီး မီ ယူ အိုင် (Me You I) ဟု အသံထွက်သည်။ ၎င်းအား ရှောင်းမီ (Xiaomi) ကုမ္ပဏီမှထုတ်လုပ်သော စမတ်ဖုန်းများနှင့် တက်ဘလက်ကွန်ပျူတာများတွင် အသုံးပြုရန်ရည်ရွယ်၍ ထုတ်လုပ်ထားပြီး ဂူဂဲလ် (Google) ၏ အန်းဒရွိုက်စက်လည်ပတ်မှုစနစ်အပေါ်တွင် အခြေခံထားသည်။[၁] firmware ကို Google ၏ Android operating system ပေါ်တွင် အခြေခံသည်။[၂] MIUI တွင် စက်၏သွင်ပြင်အား ပြောင်းလဲဖော်ပြပေးနိုင်သည့်လုပ်ဆောင်ချက် (Theming feature) အပါအဝင် အခြားသောလုပ်ဆောင်ချက်များစွာကိုလည်း ထောက်ပံ့ပေးထားသည်။[၃]
ရှောင်းမီမှထုတ်လုပ်သော စမတ်ဖုန်းများအနက် Mi A1, Mi A2 နှင့် Mi A2 Lite တို့မှလွဲ၍ အခြားသောစမတ်ဖုန်းမော်ဒယ်များအားလုံးတွင် MIUI အား အသင့်ထည့်သွင်းပြီးသားဖြစ်သည်။ ရှောင်းမီမှထုတ်လုပ်သော စက်ကိရိယာများသည် များသောအားဖြင့် အဆင့်မြင့်အန်းဒရွိုက်ဗားရှင်းတစ်ခုအထိသာတက်၍ အပ်ဒိတ်ရလေ့ရှိသော်လည်း MIUI အပ်ဒိတ်ကိုမူ လေးနှစ်အထိဆက်၍ ရလေ့ရှိကြသည်။ (ဥပမာအားဖြင့် ၂၀၁၆ ခုနှစ်ထုတ် Redmi Note 3 သည် ယခုအချိန်အထိ MIUI 10 အား ရရှိပြီးဖြစ်သည်။)[၄] MIUI အား ရှောင်းမီကုမ္ပဏီမှထုတ်လုပ်သော စမတ်ဖုန်းနှင့်တက်ဘလက်များအတွက် ထောက်ပံထားသည့်အပြင် ဆမ်ဆောင်း၊ ဆိုနီ၊ HTC၊ One Plus၊ Nexus နှင့် Pixel ကဲ့သို့သော အခြားစမတ်ဖုန်းများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်ရန် ခွင့်ပြုထားသည်။
မာတိကာ
- ၁ ဖွံ့ဖြိုးတိုးတက်လာမှုများ
- ၂ MIUI နှင့် ဂူဂဲလ်၏ဝန်ဆောင်မှုများ
- ၃ အမျိုးမျိုးသော MIUI များကို နှိုင်းယှဉ်ခြင်း
- ၄ MIUI နှင့် အန်းဒရွိုက်စနစ်
- ၅ ဝေဖန်ခြင်းနှင့် အငြင်းပွားမှုများ
- ၆ ထုတ်လုပ်ခဲ့သည့် ဗားရှင်းများ
- ၇ ကိုးကား
ဖွံ့ဖြိုးတိုးတက်လာမှုများ[ပြင်ဆင်ရန်]
ကနဦးအနေဖြင့် ထုတ်လုပ်ထားသည့် MIUI ROM များသည် အန်းဒရွိုက်ဗားရှင်း ၂.၂ (Froyo) အား အခြေခံ၍ ရေးဆွဲခဲ့ပြီး ရှောင်းမီနည်းပညာကုမ္ပဏီမှ တရုတ်ဘာသာစကားဖြင့်သာ ထုတ်လုပ်ခဲ့သည်။[၅] ရှောင်းမီကုမ္ပဏီအနေဖြင့် MIUI ROM ၏ စနစ်အား မှတ်စု (Notes)၊ အရန်သင့်သိမ်းဆည်းခြင်း (Backup)၊ သီချင်း (Music) နှင့် ပြခန်း (Gallery) အစရှိသည့် အက်ပ်များဖြင့် အားဖြည့်ကာ ထည့်သွင်းရေးဆွဲခဲ့သည်။[၆] နောက်ပိုင်းအချိန်များတွင် အခမဲ့အကျိုးအမြတ်မယူသော ဆော့ဝဲရေးဆွဲသူများနှင့် MIUI အားကြိုက်နှစ်သက်သော ပရိသတ်များဖြင့်ဖွဲ့စည်းထားသည့်အဖွဲ့များမှ MIUI ROM အား အခြားသောဘာသာစကားများဖြင့်အသုံးပြုနိုင်ရန် ကူညီ၍ ဘာသာပြန်ပေးခဲ့ကြသည်။ MIUI အား အခြားသောတရားမဝင်ဗားရှင်းများဖြင့် ပြင်ပမှ ဆော့ဝဲရေးသားသူများမှ ရေးဆွဲဖန်တီးခဲ့သော်လည်း ရှောင်းမီကုမ္ပဏီမှ ကိုယ်ပိုင်စမတ်ဖုန်းများကို စတင်ထုတ်လုပ်သည့်အချိန်တွင် ၎င်းတရားမဝင်ဗားရှင်းများအား လူကြိုက်နည်းသွားစေခဲ့သည်။ စနစ်ဆော့ဝဲအဆင့်မြှင့်တင်မှုများကို အပတ်စဉ်ကြာသပတေးနေ့တိုင်းတွင် OTA (အင်တာနက်မှတစ်ဆင့် ဖုန်းထဲသို့ တိုက်ရိုက်ထည့်သွင်းခြင်း Over-The-Air) ဖြင့် ပြုလုပ်ပေးနိုင်သည်။
MIUI နှင့် ဂူဂဲလ်၏ဝန်ဆောင်မှုများ[ပြင်ဆင်ရန်]
ဂူဂဲလ်ကုမ္ပဏီသည် တရုတ်အစိုးရနှင့် သဘောတူညီမှုစာချုပ် ဖျက်သိမ်းခဲ့ပြီးနောက်တွင် ဂူဂဲလ်ထုတ်ကုန်အများစုအား တရုတ်ပြည်တွင်းအသုံးပြုမှုကို ပိတ်ဆို့ခဲ့သည်။ ထို့ကြောင့် တရုတ်ပြည်တွင်းရောင်းချသော ရှောင်းမီကုမ္ပဏီ၏ထုတ်ကုန်များတွင် ဂူဂဲလ်ဝန်ဆောင်မှုများအရံသင့် မပါဝင်ပါချေ။ သို့သော် ရှောင်းမီကုမ္ပဏီအနေဖြင့် ၎င်းတို့၏ထုတ်ကုန်များကို တရုတ်ပြည်ပနိုင်ငံများအထိပါ တိုးချဲ့ရောင်းချနိုင်ခဲ့သည်။ ထို့သို့တရုတ်ပြည်ပနိုင်ငံများအတွက် ရောင်းချခဲ့သည့် စမတ်ဖုန်းများနှင့် ထုတ်ကုန်များတွင်မူ ဂူဂဲလ်၏အီးမေးလ်ဝန်ဆောင်မှုဖြစ်သည့် Gmail၊ ဂူဂဲလ်၏မြေပုံဝန်ဆောင်မှု Gmaps၊ အက်ပ်များကို ဒေါင်းလုဒ်ရယူ၍ ဖုန်းတွင်းထည့်သွင်းအသုံးပြုနိုင်သည့် Google Play Store and Services အစရှိသည့် ဂူဂဲလ်၏ဝန်ဆောင်မှုများကို တစ်ပါတည်းထည့်သွင်းပေးထားခဲ့သည့်အပြင် တစ်ကမ္ဘာလုံးအားဖြန့်ချိသည့် MIUI ဗားရှင်းကိုလည်း ဂူဂဲလ်ကုမ္ပဏီမှ အသိအမှတ်ပြုပေးထားပြီးဖြစ်သည်။
အမျိုးမျိုးသော MIUI များကို နှိုင်းယှဉ်ခြင်း[ပြင်ဆင်ရန်]
| China | Global | Xiaomi.eu | ||||
|---|---|---|---|---|---|---|
| Languages available | Few, including Chinese and English | Wide selection | ||||
| Selection of downloadable themes | All | Some | ||||
| Drag up search | Yes
with international Bing and selection of Chinese search engines |
Yes | ||||
| Smart Assistant | App vault | |||||
| Default source of apps | Mi App Store | Google Play
Additionally in India: Mi Picks (renamed to Apps)[၇] |
Google Play | |||
| Mi Cloud services | All | Some | All | |||
| Updates | Developer | Stable | Beta | Stable | Dev/Beta | Stable |
| Highest priority.
Updated every Thursday |
Usually updated every two months[၈] | Updated every Thursday | Usually updated every two months | Updated every Friday | Usually updated every two months | |
| OTA | Yes | Yes; patches are not supported, so a complete new ROM is downloaded each time | ||||
| Official | Yes (made by Xiaomi) |
Approved by the official distribution in the European Union.
Use on devices from the EU distribution does not void warranty.[၉] Made by fans gathered on Xiaomi.EU website. | ||||
| Custom recovery requirement | No | Yes | ||||
| Additional features |
|
Optional access to various Chinese online services | N/A |
| ||
| Supported Xiaomi devices | All
excluding Redmi Note 3SE and Mi 4i (dropped) Older devices may not be updated |
Majority
excluding devices never released outside PRC | ||||
MIUI နှင့် အန်းဒရွိုက်စနစ်[ပြင်ဆင်ရန်]
MIUI အား အန်းဒရွိုက်စနစ်ပေါ်တွင် အခြေခံ၍ ပြုလုပ်ထားသော်လည်း ၎င်းအားအသုံးပြုရသည့်အသွင်အပြင်သည် Apple ကုမ္ပဏီမှထုတ်လုပ်သည့် iOS စက်လည်ပတ်မှုစနစ်နှင့် များစွာတူညီမှုရှိသည်။ အဘယ့်ကြောင့်ဆိုသော် iOS ကဲ့သို့ပင် MIUI တွင်လည်း အက်ပ်များကို တစ်နေရာတည်းတွင် စုစည်းဖော်ပြပေးသည့် Application tray မပါရှိဘဲ ဖုန်း၏ မူလမျက်နှာပြင်ပေါ်တွင် အတန်းလိုက်စီ၍ ဖော်ပြထားရှိသောကြောင့်ဖြစ်သည်။ iOS နှင့်ဆင်တူသည့် အခြားသောအချက်များမှာ အက်ပ်သင်္ကေတ icons များကို ပုံစံတစ်မျိုးတည်းသာ သတ်မှတ်ထားရှိခြင်း၊ ဖုန်းခေါ်ဆိုမှုခလုတ်ခုံ Dialer နှင့် ဖုန်းခေါ်ဆိုစဉ်အသွင်အပြင် in-call interface များ၊ ဆက်တင်ထဲရှိ အပြင်အဆင်များနှင့် အသိပေးချက်စာမျက်နှာရှိ ခလုတ်၏ သွင်ပြင်ပုံစံများပင် ဖြစ်သည်။ ထိုသို့ပြုလုပ်ထားရှိမှုကြောင့်ပင် iOS အသုံးပြုသူများအား MIUI အသုံးပြုထားသည့် အန်းဒရွိုက်စက်ပစ္စည်းများကို အသုံးပြုချင်စိတ်ဖြစ်ပေါ်လာစေအောင် ဆွဲဆောင်ခဲ့သည်ဟုပင် အချို့သောသူများက ဝေဖန်ခဲ့ကြသည်။ သို့သော် မကြာသေးမီကပင် MIUI အား မူလအန်းဒရွိုက်စက်လည်ပတ်မှုစနစ်နှင့် ပိုမိုတူညီမှုရှိအောင် ၎င်း၏သုံးစွဲမှုသွင်ပြင်ကို ပြန်လည်ရေးဆွဲခဲ့သည်။ ဥပမာအားဖြင့် MIUI ၏ နောက်ဆုံးထွက်ဗားရှင်းဖြစ်သော MIUI 10 ၏ အစိတ်အပိုင်းတော်တော်များများသည် Android P ၏သွင်ပြင်ပုံစံများဖြင့် များစွာတူညီမှုရှိနေသည်ဟု စောင့်ကြည့်လေ့လာသူများက ဖော်ပြခဲ့ကြသည်။ ထိုသို့ပြောင်းလဲမှုများကို Xiaomi ၏ Mi Mix 2S မော်ဒယ်တွင် MIUI 9 ၏ ၂၀၁၁ ခုနှစ် ၅ လပိုင်း ၈ ရက်နေ့ကထုတ်ပေးခဲ့သော ပုံစံသွင်ပြင်များတွင် ပထမဆုံးအနေဖြင့် မြင်တွေ့ခဲ့ရသောကြောင့်ဖြစ်သည်။[၁၀][၁၁]
MIUI အား မူလအန်းဒရွိုက်နှင့် ကွဲပြားစေသော အခြားအချက်တစ်ခုမှာ စက်၏သွင်ပြင်အား ပြောင်းလဲဖော်ပြပေးနိုင်သည့်လုပ်ဆောင်ချက် (Theming feature) ကို MIUI တွင် ထောက်ပံ့ပေးထားခြင်းပင်ဖြစ်သည်။ အသုံးပြုသူများသည် Mi Market မှ မတူကွဲပြားသည့်သွင်ပြင်ပုံစံများကို ရယူအသုံးပြုနိုင်သည်။ ကျွမ်းကျင်သည့်အချို့သုံးစွဲသူများအနေဖြင့် ၎င်းတို့စက်၏သွင်ပြင်ပုံစံအား မိမိကြိုက်နှစ်သက်ရာပုံစံသို့ ပြောင်းလဲအသုံးပြုရန်ကိုပင် ခွင့်ပြုပေးထားသည်။[၁၂]
ဝေဖန်ခြင်းနှင့် အငြင်းပွားမှုများ[ပြင်ဆင်ရန်]
MIUI ၏ Kernel ကို ရှောင်းမီကုမ္ပဏီမှ မူပိုင်ခွင့်တင်ထားသော်လည်း ထို့သို့ပြုလုပ်ခြင်းသည် Linux Kernel ၏ မူပိုင်ခွင့်ဆိုင်ရာလိုင်စင်များကို ချိုးဖောက်မှုရှိနေသည်ဟူသော ဝေဖန်အငြင်းပွားမှုများကြောင့် ကုမ္ပဏီဘက်မှနေ၍ MIUI ၏ အချို့သောအစိတ်အပိုင်းများအတွက် ရင်းမြစ်ကုဒ်များကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် GitHub စာမျက်နှာပေါ်သို့ လွှင့်တင်ပေးခဲ့သည်။ Mi 3၊ Mi 4၊ Mo Note နှင့် Redmi 1S အပါအဝင် အချို့သော စက်ပစ္စည်းများ၏ ရင်းမြစ်ကုဒ်များကိုမူ ၂၀၁၅ ခုနှစ် မတ်လတွင် ထပ်မံ၍ လွှင့်တင်ပေးခဲ့သည်။[၁၃][၁၄][၁၅][၁၆]
Ice Cream နှင့် Jelly Bean ကဲ့သို့ အန်းဒရွိုက်စနစ်ပေါ်တွင် အခြေခံကာပြုလုပ်ထားသည့် MIUI ၏ လေးခုမြောက်ဗားရှင်း MIUI V4 မှစ၍ Tencent (ယခင်အမည် Kingsoft) ကုမ္ပဏီနှင့် တွဲဖက်ကာ MIUI ROM များတွင် ဗိုင်းရပ်စ်စစ်ဆေးနိုင်မည့်လုပ်ဆောင်ချက်အား ပေါင်းစပ်ထည့်သွင်းပေးခဲ့သည်။ သို့သော် အဆိုပါလုပ်ဆောင်ချက်သည် အသုံးမဝင်ဟု သုံးစွဲသူအများစုက ကန့်ကွက်ခဲ့သောကြောင့် အတိုပါ ဗိုင်းရပ်စ်စစ်ဆေးပေးနိုင်သည့်လုပ်ဆောင်ချက်အား စက်အတွင်းမှဖယ်ရှားနိုင်သည့်နည်းလမ်းကို တရုတ်ပြည်တွင်းအတွက်ရည်ရွယ်သည့် MIUI ဖိုရမ်တွင် ပြန်လည်ရေးသားထုတ်ဝေခဲ့သည်။[၁၇][၁၈]
ထို့အပြင် MIUI V4 အား ရေးဆွဲပြင်ဆင်နေသည့်ကာလအတွင်း ဂူဂဲလ်ကုမ္ပဏီသည် တရုတ်အစိုးရနှင့် သဘောထားချင်းမတိုက်ဆိုင်မှုများ မြင့်တက်လာနေသောကြောင့် ရှောင်းမီကုမ္ပဏီသည် MIUI များတွင် ထည့်သွင်းလာခဲ့သည့် ဂူဂဲလ်၏မိုဘိုင်းဖုန်းဆိုင်ရာဝန်ဆောင်မှုများ (Google Mobile Services GMS) ကို စတင်၍ ဖယ်ရှားခဲ့သည်။ တရုတ်အစိုးရဘက်မှ တရုတ်ပြည်တွင်းရောင်းချမည့်၊ မည်သည့် Platform များတွင်မဆို ဂူဂဲလ်၏ဝန်ဆောင်မှုများအားလုံးကို အသုံးပြုခွင့်အား ပိတ်ဆို့ရပ်ဆိုင်းစေခဲ့ပြီး တရုတ်ပြည်တွင်းအတွက် ရည်ရွယ်၍ထုတ်လုပ်မည့် မည်သည့်စမတ်ဖုန်းများတွင်မဆို အဆိုပါ GMS ဝန်ဆောင်မှုများကို ထည့်သွင်းထုတ်လုပ်ခွင့်မပြုတော့ချေ။ သို့သော်လည်း တစ်ကမ္ဘာလုံးအတွက်ဖြန့်ချိသည့် MIUI ဗားရှင်းများတွင်မူ GMS ဝန်ဆောင်မှုမှာ ပါရှိနေဆဲပင် ဖြစ်သည်။
ကုမ္ပဏီ၏ဝင်ငွေ တိုးတက်လာစေရန်အတွက် Xiaomi မှ MIUI ROM များတွင် အင်တာနက်ပေါ်တွင် ဒေတာများသိမ်းဆည်းနိုင်သည့် Cloud services များ၊ အခပေးသင်းမ်များနှင့် ဂိမ်းများအား ဝယ်ယူနိုင်မည့် Mi Credit ရောင်းချမှုများ စသည်ဖြင့် ၎င်းတို့၏ဝန်ဆောင်မှုများကို ထည့်သွင်းခဲ့သည်။[၁၉]
ထုတ်လုပ်ခဲ့သည့် ဗားရှင်းများ[ပြင်ဆင်ရန်]
| Version | Screenshot | Android version | Last Beta release | Initial Beta release | Date of release | Last Stable release | Notable change |
|---|---|---|---|---|---|---|---|
| MIUI V1 | 2.1 |
မသိရှိရ | 0.8.16 | 16 ဩဂုတ် 2010 | N/A | Initial release | |
| MIUI V2 | 2.1-2.3.6 |
မသိရှိရ | မသိရှိရ | မသိရှိရ | N/A | Redesigned user interface | |
| MIUI V3 | 2.3.6 | 2.4.20 | မသိရှိရ | မသိရှိရ | N/A | Redesigned user interface | |
| MIUI V4 | 4.0.4 – 4.1.2 | 3.2.22 | မသိရှိရ | မသိရှိရ | ICS24.0[၂၀] |
| |
| MIUI V5 | 4.1.2 – 4.4.2 | 4.12.5 | 3.3.1 | 1 မတ် 2013[၂၁] | 22.0[၂၂] |
| |
| MIUI 6 | 4.4.2 – 5.0.2 | 5.8.6 | 4.8.29 | 29 ဩဂုတ် 2014[၂၃] | 6.7.2.0 | New user interface | |
| MIUI 7 | 4.4.2 – 6.0.1 | 6.5.26 | 5.8.13 | 13 ဩဂုတ် 2015[၂၄] | 7.5.1.0 | Locked bootloader on selected old devices and all released afterwards | |
| MIUI 8 | 4.4.2 – 7.1.1 | 7.7.20 | 6.6.16 | 16 ဇွန် 2016[၂၅] | 8.5.10.0 |
| |
| MIUI 9 | 4.4.2 – 8.1.0 | 8.5.24 | 7.8.10 | 10 August 2017 | 9.6.5.0 |
| |
| MIUI 10 | 6.0 – 9.0.0 | 9.3.x | 8.6.14 | 19 June 2018[၂၆] | 10.2.5.0 |
| |
| MIUI 11 | 7.0 – 9.0.0 | Likely to drop devices run Android Marshmallow or below other |
ကိုးကား[ပြင်ဆင်ရန်]
- ↑ [Announced]50 Beta Testers Wanted for Official nexusUI for Nougat 7 II. Apply here, MIUI, 26 February 2014, retrieved 5 March 2014
- ↑ http://tech.sina.com.cn/t/2011-07-28/01255847379.shtml
- ↑ MIUI Official English Site, en.miui.com, archived from the original on 15 February 2014, retrieved 16 March 2014 Unknown parameter
|df=ignored (help) - ↑ Xiaomi Phone with MIUI OS: a $310 Android with 1.5 GHz dual-core SoC and other surprises, Engadget, 16 August 2011, retrieved 17 September 2011
- ↑ Jason Lim, MIUI, Lei Jun, TechNode, retrieved 17 January 2012
- ↑ MIUI Official English Site, archived from the original on 9 April 2014, retrieved 12 April 2014 Unknown parameter
|df=ignored (help) - ↑ Forum၊ Xiaomi MIUI Official။ Mi Picks - pick your next favorite- officially launched! Give us your feedback! - App - Xiaomi MIUI Official Forum။
- ↑ MIUI ROM Downloads။
- ↑ "MIUI 9 - 7.8.10 - First Miui 9" (in en-US)၊ Xiaomi European Community & Store။
- ↑ "Latest MIUI 9 build for the Xiaomi Mi Mix 2 brings Android P-style UI changes" (in en-US)၊ xda-developers၊ 2018-05-11။
- ↑ "MIUI 10 To Offer Updated Design, Its User Interface Leaks | Androidheadlines.com" (in en-US)၊ AndroidHeadlines.com |၊ 2018-05-29။
- ↑ Pfeffermann, Nicole (2017). Strategy and Communication for Innovation: Integrative Perspectives on Innovation in the Digital Economy. Cham, Switzerland: Springer, 30. ISBN 9783319495408။
- ↑ "小米的MIUI被指违反GPL许可证" (in Chinese)၊ Solidot၊ 21 November 2012။ 6 August 2013 တွင် ပြန်စစ်ပြီး။
- ↑ "MIUI is accused of non-compliance with free software license, users request MIUI to be free software (MIUI被指责不遵守开源软件协议,网友要求公开源代码)" (in Chinese)၊ tech2ipo၊ 21 November 2012။ 6 August 2013 တွင် ပြန်စစ်ပြီး။
- ↑ Commits။ GitHub (25 October 2013)။
- ↑ GitHub MiCode/Xiaomi_Kernel_OpenSource, GitHub, 31 March 2015, retrieved 8 April 2015
- ↑ Search Results for virus scanning engine။
- ↑ 【实机亲侧】MIUI自带病毒扫描无任何安全防护作用!။
- ↑ 删除谷歌,内置杀毒,MIUI终于突破底线။
- ↑ MIUI Official English Site - Redefining Android (2013-12-06)။
- ↑ Forum၊ Xiaomi MIUI Official။ MIUI ROM 3.3.1 Changelog: MIUI V5 for Xiaomi MI2 Released!!! - MIUI General - Xiaomi MIUI Official Forum။
- ↑ Forum၊ Xiaomi MIUI Official။ MIUI Stable ROM (Global) KXDMIBF22.0 for MI3-WCDMA/CDMA Changelog & Download - Xiaomi Mi 3 - Xiaomi MIUI Official Forum။
- ↑ Forum၊ Xiaomi MIUI Official။ MIUI ROM 4.8.29 Full Changelog. MIUI 6 Released for Public! (Released) - MIUI General - Xiaomi MIUI Official Forum။
- ↑ Forum၊ Xiaomi MIUI Official။ About MIUI 7 China ROM 5.8.13. What Device Will MIUI 7 Global ROM Support First? - MIUI General - Xiaomi MIUI Official Forum။
- ↑ Forum၊ Xiaomi MIUI Official။ MIUI 8 China Developer ROM 6.6.16 Full Changelog & Supported Devices - MIUI General - Xiaomi MIUI Official Forum။
- ↑ MIUI 10首批机型公测下载 - MIUI官方网站။